Home
Career
About Us
Blog
Contact Us
Menu
Home
Career
About Us
Blog
Contact Us
Customer Experience ဟာ Security Leadersတိုင်းအတွက် ဘာကြောင့်အရေးကြီးတာလဲ
June 20, 2022
Article
,
Tech
အွန်လိုင်းအသုံးပြုသူပေါများလာတာနဲ့အမျှ အသုံးပြုသူတွေရဲ့ Data Privacy, Data Securityကိုလုံခြုံအောင်ကာကွယ်ထိန်းသိမ်းဖို့လိုအပ်လာပါတယ်။ ထိုသို့ဆောင်ရွက်ရာမှာ အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်တဲ့ Security leaderများအတွက် customer experienceအရေးပါပုံကိုဖော်ပြလိုက်ပါတယ်။
ပြောင်းလဲလာသော Data Protection စနစ်
Customer တွေရဲ့ ကိုယ်ရေးအချက်အလက် တွေကို ကိုင်တွယ်တဲ့အခါမှာ ပွင့်လင်းမြင်သာမှု မရှိရင် ထိုသူတို့ဆီကနေယုံကြည်မှုရနိုင်မည်မဟုတ်ပါ။ 1990 ခုနှစ်အလယ်ပိုင်းလောက်က ဘဏ်လုပ်ငန်းတွေရဲ့ သမာရိုးကျ ဘဏ်စနစ်ကနေ Online Banking System ကို ပြောင်းဖို့ကြိုးစားရာမှာ customer တွေအနေနဲ့ စနစ်အသစ်ကို ရုတ်တရက်ပြောင်းလဲအသုံးပြုဖို့ခက်ခဲခဲ့ပါတယ်။ ထိုအချက်ကြောင့်ဘဏ်တွေဟာ မိမိ ကိုယ်ရေးအချက်အလက် နဲ့ Transaction တွေကို အသုံးပြုသူကိုယ်တိုင် မိမိရဲ့ computer ကနေအလွယ်တကူ စစ်ဆေးလို့ရနိုင်ကြောင်းကို ရှင်းပြခဲ့ရတယ်။ ထိုသို့ယုံကြည်မှုတည်ဆောက်ပြီးမှ Customer တွေကို Tranditional Banking System ကနေ Online Banking System ကို ကူးပြောင်းအသုံးပြုစေဖို့ ကြိုးပမ်းခဲ့ရပါတယ်။
Customer ယုံကြည်မှုကိုဘယ်လိုထိန်းသိမ်းရမလဲ
Security leaderအနေနဲ့ Customer တွေရဲ့ သတင်းအချက်အလက်တွေကို သေချာကာကွယ်စောက်ရှောက်ထားပါတယ်ဆိုတဲ့ ယုံကြည်မှုကိုပေးနိုင်ဖို့လိုအပ်ပါတယ်။ Customer တွေနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံတဲ့အခါမှာ ၎င်းတို့ ရဲ့ စံသတ်မှတ်ချက် နဲ့ Operating Procedures တွေကို အသေးစိတ်သိအောင်မေးမြန်းစုံစမ်းပြီးမှ လုံခြုံရေးအရ ကောင်းမွန်တဲ့အချက်အလက်တွေကို ပွင့်ပွင့်လင်းလင်း အကြံပြုပေးနိုင်ရမယ်။ ထိုကဲ့သို့လုပ်ဆောင်ခြင်းဖြင့်မိမိနဲ့ Customer ကြားမှာ အပြန်အလှန်ယုံကြည်မှုကိုရရှိပြီး ရေရှည်လက်တွဲသွားနိုင်မှာဖြစ်တယ်။
Securityဆိုင်ရာစမ်းသပ်ချက်များနှင့်စပ်လျဥ်း၍ ပွင့်လင်းမြင်သာမှုရှိခြင်း
Security leaderတယောက်အနေနဲ့ Customer တွေနဲ့အမြဲဆက်သွယ်ပြီး ၎င်းတို့ရဲ့လိုအပ်ချက်တွေကိုစဉ်ဆက်မပြတ်သိရှိနေဖို့အလွန်အရေးကြီးပါတယ်။ ယနေ့ခေတ်မှာ Cloud Base SaaS Software တွေကိုတွင်တွင်ကျယ်ကျယ်သုံးနေကြပေမယ့် Customer တွေအနေနဲ့ မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်လုံခြုံမှုနဲ့ပက်သက်ပြီး Service Provider တွေကိုအပြည့်အဝယုံကြည်မှုအားနည်းနေပါသေးတယ်။ ထိုအချက်ကြောင့် Service Provider တွေဟာ သူတို့ရဲ့ Service Platform တွေကို Bug Bounty လို program မှာ Third Party Researcher တွေရဲ့အကူအညီနဲ့ Bugs တွေကိုရှာခိုင်းရပြီး Bugs တွေ တွေ့ခဲ့ရင် Report တင်ခိုင်းရပါတယ်။
Information Security အဖွဲ့အစည်းအတွက်ဘယ်လိုပါဝင်ကူညီမလဲ
Information System ဆိုတာဟာ Ecosystem ကြီးတစ်ခုလို့ပြောရင်မမှားပါဘူး။ ယနေ့ခေတ်မှာ Cloud Computing ၊ On-premise Datacenter ၊ Computer Network ၊ Phone & Digital System တွေဟာတစ်ခုနဲ့တစ်ခုချိတ်ဆက်နေပါတယ်။ Community မှာရှိတဲ့ အဖွဲ့အစည်းအသီးသီးက ချိတ်ဆက်ကူညီဆောင်ရွက်ပေးရင်း နောင်လာမယ့် နည်းပညာမျိုးဆက်သစ်လူငယ်တွေ နဲ့ Tech Startups တွေအတွက် ကောင်းမွန်တဲ့လမ်းကြောင်းတစ်ခုကိုတင်ပေးနိုင်ပါလိမ့်မယ်။
နိဂုံးချုပ်အားဖြင့်ပြောရရင် Security Leaders တွေအနေနဲ့ နောင်လာမဲ့ အနာဂတ်မှာဦးဆောင်မယ့် Company တွေ နဲ့ အနာဂတ်မျိုးဆက်သစ်တွေကို ကူညီလမ်းပြပေးဖို့လိုအပ်သလို သူတို့တွေဆီကနေလည်း Customer နဲ့ပက်သက်ပြီးယုံကြည်မှုဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့ အသစ်သစ်သောနည်းလမ်းတွေကို စဉ်ဆက်မပြတ် လေ့လာထားသင့်ပါတယ်။
Ref:
Smartsheet
Share on facebook
Share on twitter
Share on linkedin
Recent Posts
သင့်လုပ်ငန်းအတွင်းတွင် အလိုအလျောက်စနစ်ကိုထည့်သွင်းပြီး တိုးတက်လာစေနိုင်သောနည်းလမ်း(၅)မျိုး
Customer Experience ဟာ Security Leadersတိုင်းအတွက် ဘာကြောင့်အရေးကြီးတာလဲ
ဘာကြောင့် project တွေကို စနစ်တကျ စီမံပြီးလုပ်ဆောင်သင့်လဲ
Productivityကို ဦးတည်တဲ့လမ်းကြောင်းကို ဘယ်လိုပြန်အကောင်အထည်ဖော်မလဲ
လူတွေကိုပိုမိုထိတွေ့စေနိုင်မယ့် Email Engagement လို့ခေါ်တဲ့ Marketing တစ်မျိုးအကြောင်း
ဘာကြောင့် project management က remote IT team အတွက် အရေးပါတာလဲ
IT Operations နှင့် Security ကို ဟန်ချက်ညီအောင်လုပ်ခြင်းက Business တစ်ခုကို ဘာကြောင့်ရလဒ်ကောင်းတွေ ပေးစွမ်းနိုင်သလဲ
အချိန်နှင့်တစ်ပြေးညီ Data များရရှိခြင်း၏အကျိုးကျေးဇူးများ
Covid-19 ကပ်ဘေးကာလနှင့် IT ၏အခန်းကဏ္ဍ
သင့်မှာဆုံးဖြတ်ချက်တွေမြန်မြန်ချနိုင်ဖို့လုံလောက်တဲ့ အချက်အလက်တွေရှိပြီလား
Popular Posts
သင့်လုပ်ငန်းအတွင်းတွင် အလိုအလျောက်စနစ်ကိုထည့်သွင်းပြီး တိုးတက်လာစေနိုင်သောနည်းလမ်း(၅)မျိုး
ဘာကြောင့် project တွေကို စနစ်တကျ စီမံပြီးလုပ်ဆောင်သင့်လဲ
Productivityကို ဦးတည်တဲ့လမ်းကြောင်းကို ဘယ်လိုပြန်အကောင်အထည်ဖော်မလဲ
လူတွေကိုပိုမိုထိတွေ့စေနိုင်မယ့် Email Engagement လို့ခေါ်တဲ့ Marketing တစ်မျိုးအကြောင်း
ဘာကြောင့် project management က remote IT team အတွက် အရေးပါတာလဲ
Categories
Article
(18)
Remote Work
(4)
Team Work
(6)
Tech
(10)
Tips and Tricks
(7)