သင့်ရဲ့ Team ဟာ Remote workအနေနဲ့ စတင်လုပ်ကိုင်တဲ့အခါမှာ အလုပ်များကိုအတူတကွပူးပေါင်းလုပ်ဆောင်နိုင်မယ့်နည်းလမ်းများကိုအမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့လိုအပ်ပါတယ်။ Team Leaders တွေဟာ မိမိရဲ့ Team Memeber တွေအချင်းချင်းအပြန်အလှန်ကူညီပေးဖို့အတွက် အသင်းအဖွဲ့တစ်ခုအနေဖြင့်ပူးပေါင်းဆောင်ရွက်တတ်တဲ့ စိတ်ဓာတ်တွေကိုလေ့ကျင့်ပေးဖို့လိုအပ်ပါတယ်။ အခြားတဖက်မှာ Remote workလုပ်ခြင်းဟာ Productivity ကိုတိုးတက်စေတဲ့အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဝန်ထမ်း၅၇ရာခိုင်နှုန်းဟာ အိမ်မှအလုပ်လုပ်တဲ့အခါ Productivity ပိုမိုတိုးတက်လာတာကိုတွေ့ရပါတယ်။ remote workလုပ်တဲ့အခါ ၎င်းတို့ရဲ့Productivity ပိုမိုးတိုးတက်လာသည်ဟူသောအချက်ကိုဝန်ထမ်း၇၂ရာခိုင်နှုန်းကလည်းသဘောတူလက်ခံကြပါတယ်။ ၂၂ ရာခိုင်နှုန်းသော ဝန်ထမ်းတွေကတော့ သူတို့ရဲ့ Productivity ဟာ အိမ်နှင့်ရုံးတွင် ကွာခြားချက်မရှိဘူးဟုဆိုကြပြီး ဝန်ထမ်း ၃ ရာခိုင်နှုန်း ကတော့၎င်းတို့ရဲ့ Productivityဟာ အိမ်မှအလုပ်လုပ်တဲ့အခါ ကျဆင်းသွားတယ်လို့တွေ့ရှိရပါတယ်။ ဒီဆောင်းပါးမှာတော့ အိမ်မှာအလုပ်လုပ်ပေမယ့် Remote Team တွေအကြား ရင်းနှီးတဲ့ဆက်ဆံရေးတည်ဆောက်ရန်လုပ်ဆောင်နိုင်မယ့်ချက်ငါးချက်ကိုဖော်ပြပေးလိုက်ပါတယ်။
၁။ Meeting တွေမှာ စကားစမြည် ပြောဆိုကျရန်အချိန်ပေးပါ။

Team Members များဟာ Meeting မစခင် တစ်ခါတစ်ရံမှာ အလုပ်နဲ့ပက်သက်သည့်ကိစ္စများအပြင် အခြားသော လူမှုရေးဆိုင်ရာကိစ္စများကို ပြောလေ့ရှိကြပါတယ်။ Meeting ပြုလုပ်စဥ်အလုပ်နှင့်သက်ဆိုင်သည့်အရာများအပြင် အခြားအကြောင်းအရာများကိုပါ ထည့်သွင်း၍စကားစမြည်ပြောဆိုခြင်းဟာ အေးစက်စက် Meeting များကိုအဆုံးသတ်စေပြီး Team အတွင်းတစ်ဦးနှင့်တစ်ဦီးပိုမိုရင်းနှီးလာစေ ပါတယ်။
၂။ Meeting များတွင် Video Chat ကိုအသုံးပြုပါ။

တိုတိုနှင့်လိုရင်းကိုထိရောက်သည့် Phone Call များကိုအသုံးပြုခြင်းဟာ အချိန်ကုန်သက်သာစေသော်လည်း Video Chat ဖြင့် Meeting ပြုလုပ်ခြင်းက ဝန်ထမ်းများအချင်းချင်းတစ်ယောက်နဲ့တစ်ယောက်ချိတ်ဆက်နေသည်ဟုခံစားမိစေပါတယ်။ ထိုကဲ့သို့ Video Meeting များပြုလုပ်ခြင်းဖြင့် အချိန်ကုန်သက်သာစေပြီး Productivity ကိုလည်းပိုမို တိုးတက်စေနိုင်သည့် Team Collaboration ကိုတည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။
၃။ Group Chat ကိုဖွဲ့စည်းပါ။

၄။ ဆုကြေးနှင့်ပြိုင်ပွဲများကိုဖန်တီးပါ။

Company ရှိဝန်ထမ်းများစိတ်အပန်းဖြေရန်တွက် ပျော်ဖို့ကောင်းတဲ့ ပြိုင်ပွဲများကိုကျင်းပပြီးဆုပေးသင့်ပါတယ်။ ဒီလိုပျော်စရာကောင်းသော ပြိုင်ပွဲများကိုပြုလုပ်ခြင်းဟာ ဝန်ထမ်းတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးရာရောက်ပြီး အလုပ်တွင်းပင်ပန်းမှုများကိုလည်းဖြေဖျောက်ပေးနိုင်ပါတယ်။
၅။ Virtual နားနေခန်းများ ပြုလုပ်ပါ။

Lunch Break နှင့် Coffee Break များတွင် ရုံးဝန်ထမ်းများ ပေါ့ပေါ့ပါးပါး နားနေနိုင်ရန်နှင့် စကားပြောနိုင်ရန် ဝင်ရောက်လို့ရနိုင်မည့် Virtual Breakroom များကိုဖွဲ့ထားသင့်ပါတယ်။ အလုပ်လုပ်စဥ် စိတ်ဖိစီးမှုများကိုဖြေဖျောက်ဖို့ရန် Virtual Breakroom များကိုဝင်ရောက်ခြင်းက ဝန်ထမ်းတွေအတွက် စိတ်ဖိစီးမှုများကိုလျော့ကျစေနိုင်ပါတယ်။ နိဂုံးချုပ်အနေနဲ့ပြောရရင် Remote Team Member တွေအချင်းချင်းရင်းနှီးသောဆက်ဆံမှုရှိခြင်းဟာ မိမိ Team ရဲ့ Productivity ကိုပိုမိုတိုးတက်စေတဲ့အပြင် ယခုလက်ရှိဖြစ်ပေါ်နေတဲ့ Covid -19 Pandemicကြောင့် ရရှိလာတဲ့ စိတ်ဖိစီးမှုများကိုလည်းအတော်အသင့်လျော့ကျစေပါတယ်။