Home
Career
About Us
Blog
Contact Us
Menu
Home
Career
About Us
Blog
Contact Us
IT Operations နှင့် Security ကို ဟန်ချက်ညီအောင်လုပ်ခြင်းက Business တစ်ခုကို ဘာကြောင့်ရလဒ်ကောင်းတွေ ပေးစွမ်းနိုင်သလဲ
June 10, 2022
Article
,
Tech
IT Security ဆိုတာ Organization တစ်ခုမှာရှိကြတဲ့ ဝန်ထမ်းအားလုံးနှင့် သက်ဆိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ IT Operations နှင့် Security ကို ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ခြင်းအားဖြင့် Team များအားလုံး ပိုမိုထိရောက်စွာ အလုပ်လုပ်ဆောင်နိုင်စေပြီး Business ကိုလည်း ကြီးမားတဲ့သက်ရောက်မှု ဖြစ်စေပါတယ်။
လေ့လာချက်များအရ Cybersecurity Professional အများစုဟာ Business Deadline ကိုအမီလိုက်နိုင်ဖို့အတွက် အရေးကြီးတဲ့ Security Measures များကို လျှော့ချပစ်ချင်ကြပါတယ်။ ဒီလို Business တစ်ခုမှာ အရေးပါတဲ့ Security Measures များကို လျှော့ချပစ်လိုက်ပြီး IT Operation Team များအနေနှင့် Security Protocols များကို သေချာလိုက်နာမှုမရှိခြင်းဟာ Organization အတွက် မလိုလားအပ်သည့် သတင်းအချက်အလက်ချိုးဖောက်ခံရခြင်းများကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့် IT Operation Team နှင့် Security Team များအနေနဲ့ ဖြစ်ပေါ်လာတဲ့ Security Threats များကို မြန်မြန်ဆန်ဆန်တုံ့ပြန်ပြီး ဆုံးရှုံးမှုအန္တရာယ်များကို လျှော့ချနိုင်ဖို့ အတူတကွပူးပေါင်းလုပ်ဆောင်တဲ့ အလုပ်ခွင်တစ်ခုကို ဖန်တီးသင့်ပါတယ်။
Security Threats များကို လျင်မြန်စွာတုံ့ပြန်ပါ
IT Operation Team နှင့် Security Team များကြားမှာ ခိုင်မာတဲ့ Communication မရှိခြင်းဟာ ကြီးမားတဲ့ ဆုံးရှုံးမှုအန္တရာယ်များကို ဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့်Team များအချင်းချင်း အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် Organization အတွက်လိုအပ်တဲ့ Security နှင့် Strategies များကို ဖော်ဆောင်ပေးပြီး ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်များကို ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။ ဒီလိုကြိုတင်ကာကွယ်ထားနိုင်ဖို့အတွက် IT Teams တွေဟာ Meeting ပုံမှန် ပြုလုပ်သင့်တဲ့အပြင် Leaders များအနေနဲ့ မိမိရဲ့ Team ကို IT Operation များကိုပဲနားလည်တဲ့ IT Department အဖြစ်မှ Business နှင့်သက်ဆိုင်တဲ့ အမြင်ပါရှိတဲ့ IT Experts များနှင့်ဖွဲ့စည်းထားတဲ့ Team အဖြစ် IT Culture ကိုပြောင်းလဲဖွဲ့စည်းသင့်ပါတယ်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် Leaders များအနေနဲ့ Security နှင့် Uptime အတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေရရှိစေနိုင်မယ့် ရလဒ်ကောင်းများကို ဖန်တီးပေးနိုင်ပါတယ်။ Business Leaders များနှင့် ဆွေးနွေးတဲ့အခါမှာလည်း ရေရှည် Project အတွက် လက်တွေ့ဆန်တဲ့ Goals နှင့် Expectations များကို ချမှတ်ဖို့လိုပါတယ်။ ဒီလိုချမှတ်ခြင်းအားဖြင့် IT Managers များနှင့် Contributors များဟာ Security ကိုအဓိကဦးစားပေးလုပ်ဆောင်ရင်း တစ်ဖက်မှာလည်းအလျင်အမြန်တိုးတက်ပြောင်းလဲနေတဲ့ Business ကို အာရုံစိုက်ပြီး တုံ့ပြန်မှုတွေလုပ်ဆောင်စေနိုင်ပါတယ်။
အဆင့်တိုင်းမှာ Security ကို အဓိက ဦးစားပေးလုပ်ဆောင်ပါ
မိမိ Customer များရဲ့ဆုံးရှုံးမှုကိုကာကွယ်ပေးဖို့နဲ့ System ရဲ့ ဒဏ်ခံနိုင်မှုကို မြှင့်တင်ဖို့အတွက် Deployment Process အဆင့်တိုင်းမှာ Security စနစ်များကို ထည့်သွင်းအသုံးချဖို့လိုအပ်ပါတယ်။ Technology Team များအနေနဲ့ Business အတွက်လိုအပ်တဲ့ SaaS Platform များကို research လုပ်တဲ့အခါမှာလည်း Enterprise-grade Security ကို ထည့်သွင်းစဥ်းစားဖို့လိုအပ်ပါတယ်။ Business Stakholders များက Software အသစ်နဲ့ပက်သက်ပြီး တောင်းဆိုလာတဲ့အခါမှာလည်း IT Opertion နှင့် Security Leaders များအနေနဲ့ အတူတကွပူးပေါင်းပြီး Software ကို Provide လုပ်ပေးမဲ့ Company ရဲ့လုပ်ငန်းဆောင်တာများနှင့် Security အပိုင်းများကို သေချာခွဲခြမ်းစိတ်ဖြာသုံးသပ်ပေးခြင်းဖြင့် ခိုင်မာတင်းကြပ်တဲ့ Security လုပ်ငန်းစဥ်ကို Organization အတွင်းတည်ဆောက်ပေးနိုင်ပါလိမ့်မယ်။
အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် DevSecOps အတွင်း ဆန်းသစ်တီထွင်မှုများကို မြှင့်တင်ပါ
Organization ရဲ့ ဆန်းသစ်တီထွင်နိုင်မှုကို တိုးတက်ကောင်းမွန်စေဖို့အတွက် ဝန်ထမ်းများအချင်းချင်း မိမိတို့ရဲ့လေ့လာတွေ့ရှိချက်များနှင့် Talents များကို တစ်ယောက်နဲ့တစ်ယောက် ဝေမျှပေးရပါမယ်။ Team များအားလုံး cyber security goals များကို ချိန်ညှိနိုင်စေရန် Security နှင့်သက်ဆိုင်တဲ့ Outcome နှင့် Goals များကို Organization အနေနဲ့ သေချာသတ်မှတ်ပေးဖို့လိုအပ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောရရင် IT Leaders များအနေနဲ့ မှန်ကန်တဲ့ metric တွေကို သေချာရွေးချယ်အသုံးပြုခြင်းအားဖြင့် မိမိ Organization ရဲ့ လုပ်ငန်းစဉ်များကို ပိုမိုပွင့်လင်းမြင်သာလာအောင် ဆောင်ရွက်ပေးနိုင်ပြီး လုပ်ဖော်ကိုင်ဖက်များ ၊ Contributors များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်လည်း လုပ်ငန်းစဉ်တိုးတက်မှုအတွက် ပိုမိုကောင်းမွန်တဲ့ Engagement နှင့် ဆန်းသစ်တီထွင်မှုများကို ဖန်တီးလာနိုင်ပါလိမ့်မယ်။
Ref:
Smartsheet
Share on facebook
Share on twitter
Share on linkedin
Recent Posts
သင့်လုပ်ငန်းအတွင်းတွင် အလိုအလျောက်စနစ်ကိုထည့်သွင်းပြီး တိုးတက်လာစေနိုင်သောနည်းလမ်း(၅)မျိုး
Customer Experience ဟာ Security Leadersတိုင်းအတွက် ဘာကြောင့်အရေးကြီးတာလဲ
ဘာကြောင့် project တွေကို စနစ်တကျ စီမံပြီးလုပ်ဆောင်သင့်လဲ
Productivityကို ဦးတည်တဲ့လမ်းကြောင်းကို ဘယ်လိုပြန်အကောင်အထည်ဖော်မလဲ
လူတွေကိုပိုမိုထိတွေ့စေနိုင်မယ့် Email Engagement လို့ခေါ်တဲ့ Marketing တစ်မျိုးအကြောင်း
ဘာကြောင့် project management က remote IT team အတွက် အရေးပါတာလဲ
IT Operations နှင့် Security ကို ဟန်ချက်ညီအောင်လုပ်ခြင်းက Business တစ်ခုကို ဘာကြောင့်ရလဒ်ကောင်းတွေ ပေးစွမ်းနိုင်သလဲ
အချိန်နှင့်တစ်ပြေးညီ Data များရရှိခြင်း၏အကျိုးကျေးဇူးများ
Covid-19 ကပ်ဘေးကာလနှင့် IT ၏အခန်းကဏ္ဍ
သင့်မှာဆုံးဖြတ်ချက်တွေမြန်မြန်ချနိုင်ဖို့လုံလောက်တဲ့ အချက်အလက်တွေရှိပြီလား
Popular Posts
သင့်လုပ်ငန်းအတွင်းတွင် အလိုအလျောက်စနစ်ကိုထည့်သွင်းပြီး တိုးတက်လာစေနိုင်သောနည်းလမ်း(၅)မျိုး
Customer Experience ဟာ Security Leadersတိုင်းအတွက် ဘာကြောင့်အရေးကြီးတာလဲ
ဘာကြောင့် project တွေကို စနစ်တကျ စီမံပြီးလုပ်ဆောင်သင့်လဲ
Productivityကို ဦးတည်တဲ့လမ်းကြောင်းကို ဘယ်လိုပြန်အကောင်အထည်ဖော်မလဲ
လူတွေကိုပိုမိုထိတွေ့စေနိုင်မယ့် Email Engagement လို့ခေါ်တဲ့ Marketing တစ်မျိုးအကြောင်း
Categories
Article
(18)
Remote Work
(4)
Team Work
(6)
Tech
(10)
Tips and Tricks
(7)