Productivityကို ဦးတည်တဲ့လမ်းကြောင်းကို ဘယ်လိုပြန်အကောင်အထည်ဖော်မလဲ

Covid19 ရဲ့ရိုက်ခတ်မှုဟာ Organization အများစုကို အပြောင်းအလဲတော်တော်ဖြစ်သွားစေပါတယ်။ အဲ့ဒီလိုပြောင်းလဲမှုတွေထဲမှာ​တော့ အိမ်ကနေ အလုပ်လုပ်တဲ့ Remote Employee တွေရဲ့ရာခိုင်နှုန်းဟာ ဆယ်ဆလောက်တက်သွားတာကို တွေ့ရပါတယ်။ ဒီလိုရုတ်တရက်ပြောင်းလဲမှုကို တချို့သော Organization တွေကတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြပေမယ့် အများစုကတော့ အဆင်ပြေပြေ လည်ပတ်ဖို့ အတော်လေး ခက်ခက်ခဲခဲရုန်းကန်နေရတာကို တွေ့ရပါတယ်။

အောင်မြင်မှုရဲ့သော့ချက်ဖြစ်တဲ့ Human Dimension

Rethinking the Productivity Path
Remote Working ပတ်ဝန်းကျင်ကိုရုတ်တရက်ပြောင်းလဲမှုဟာ ဝန်ထမ်းအများစုအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ စစ်တမ်းအရ ဝန်ထမ်း ၁၀ ရာခိုင်နှုန်းက လွဲရင် အများစုဟာ မတူညီတဲ့အခက်အခဲ​ကိုယ်စီနဲ့ ရင်ဆိုင်နေရတာကို တွေ့ရပါတယ်။ တစ်ဖက်မှာတော့ စစ်တမ်းကောက်ယူထားတဲ့ ဝန်ထမ်းတွေရဲ့တစ်ဝက်ကျော်က crisis မတိုင်ခင်ကလောက် Productive & Engaged မဖြစ်တော့ဘူးလို့ဆိုပါတယ်။ ဒါတွေကို ဖြေရှင်းကိုင်တွယ်ဖို့အတွက် Organization အများစုအနေနဲ့ Team Collaboration Tools တွေအမြောက်အများကို သုံးခြင်းဟာ ဝန်ထမ်းတွေကြားမှာ သဘောထားကွဲလွဲမှုတွေ ပေါ်ပေါက်လာစေပါတယ်။ အမှန်တော့ Company တွေအနေနဲ့ Tools တွေကိုပဲ focus ထားတာအပြင် ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့ engagement level နဲ့ productive ဖြစ်နိုင်စွမ်းအပေါ် ဘယ်လိုခံစားနေရသလဲဆိုတာကို သိအောင် မေးတာမျိုးလုပ်သင့်ပါတယ်။

Digitization နဲ့ Digital Transformation ဟာမတူညီပါဘူး

Rethinking the Productivity Path
Digital Transformation လို့ပြောလိုက်ရင် လူတွေရဲ့အမြင်မှာ Video Conferencing Software တွေနဲ့ Meeting ထိုင်ကြတာကိုပဲ ပြေးမြင်မိကြမှာပါ။ ဒါပေမယ့် ဒါဟာ တကယ့် Digital Transformation လို့ ပြောလို့မရပါဘူး။ Digitization သက်သက်သာဖြစ်ပါတယ်။ ဒီလို Video Conferencing တွေမကြာခဏတက်ရခြင်းက ဝန်ထမ်းတွေရဲ့ Productivity ကိုမြှင့်ပေးရာမရောက်ပါဘူး။ တစ်ချို့သောဝန်ထမ်းတွေက သူတို့ရဲ့ Productivity ကျရခြင်းဟာ နေ့စဥ်လူချင်းတွေ့တဲ့ Meeting မျိုးမရှိတော့လို့ပြောနေကြပေမဲ့ ၇၄ရာခိုင်နှုန်းသောဝန်ထမ်းတွေကတော့ အပြန်အလှန်ပြောရတဲ့ messaging နဲ့ Email တွေကြောင့် အလုပ်ကို သေချာအာရုံမစိုက်နိုင်လို့ Productivity ကျတယ်လို့ ပြောကြပါတယ်။

Organization တွေအနေနဲ့ Productivityကို တိုးတက်အောင် ဘယ်လိုလမ်းပြဖော်ဆောင်ပေးမလဲ။

Rethinking the Productivity Path
သေချာတာတစ်ခုက ကျွန်တော်တို့တွေရဲ့ Pandemic မဖြစ်ခင်ကာလကရှိခဲ့တဲ့ ပုံမှန်အခြေအနေကိုပြန်သွားဖို့ကတော့ အလွန်ရာခိုင်နှုန်းနည်းသွားပါပြီ။ ဒါဆိုရှေ့ဆက်ဘာလုပ်ကြမလဲ။ အရင်တုန်းကရှိခဲ့တဲ့ Working Environment ကိုပြန်သွားတာထက် ပိုမိုကောင်းမွန်တဲ့နည်းလမ်းတွေနဲ့ အရင်ထက် ပိုကောင်းတဲ့ Working Environment ကိုဖန်တီးပြီး Engagement နဲ့ Productivity ကိုပိုကောင်းအောင် လုပ်ဆောင်သင့်ပါတယ်။
အမှန်တစ်ကယ်တော့ တချို့ organization တွေဟာ ဒီလိုမသေချာမရေရာတဲ့ကာလတွေမှာ စိန်ခေါ်မှုတွေကိုလက်ခံလိုက်ပြီး ဖြေရှင်းရင်းနဲ့ပဲ Productivity နဲ့ Engagement ကိုမြှင့်တင်နိုင်နေကြပါပြီ။ အခုမှစတင်အကောင်အထည်ဖော်မယ့် organization တွေအနေနဲ့လည်း Digital Transformation Strategies တွေကို သေသေချာချာ ချမှတ် ပြီး workforce productivity နဲ့ သင့်တော်တဲ့ collaboration tools တွေကို အဓိကဦးစားပေး အနေနဲ့ ထားမယ်ဆိုရင် ဝန်ထမ်းတွေရဲ့ morale၊ engagement နဲ့ productivity တိုးတက်လာနိုင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောရရင် ဒီလို crisis ကာလမှာ ရှေ့ဆုံးကနေ ဦးဆောင်နေတဲ့ organization ကြီးတွေအနေနဲ့လည်း ရှေ့လာမယ့်အရာတွေကို ရင်ဆိုင်ဖို့အသင့်ရှိနေကြပါပြီ။ အဆင့်သင့်မဖြစ်သေးတဲ့ organization တွေအနေနဲ့လည်း အဆင်သင့်ပြင်ဆင်ထားဖို့ အချိန်ရှိပါသေးတယ်။ သူတို့အနေနဲ့ ရွေးချယ်စရာတွေ ရှိတယ်ဆိုပေမယ့် ဝန်ထမ်းတွေကို Productivity လမ်းကြောင်းအသစ်ကို အမြန်ချပြနိုင်အောင်ကြိုးစားဖို့တော့ လိုအပ်ပါလိမ့်မယ်။

Ref: Smartsheet

Share on facebook
Share on twitter
Share on linkedin
Recent Posts
Categories