ယနေ့ခေတ်မှာ Information ကို အခြေခံပြီး အလုပ်လုပ်တဲ့သူတွေဟာ သူတို့ရဲ့ နေ့စဉ်လည်ပတ်တဲ့ လုပ်ငန်းဆောင်တာအတွက် Project Management skills ကို တိုးတက်အောင်လုပ်ထားသင့်ပါတယ်။ Project များကို စီမံခန့်ခွဲရန်နှင့် team work ဖြင့် ၎င်းတို့ရဲ့ ပန်းတိုင်များကို ပိုမိုမြန်ဆန်စွာ ပြီးမြောက်ဖို့အတွက် ဌာနပေါင်းစုံက အဖွဲ့များကို အချိတ်ဆက်မိမိလုပ်ဆောင်နိုင်ဖို့ကလည်း ပို၍အရေးကြီးလှပါတယ်။

ကုမ္ပဏီအများစုဟာ ဒီလို လိုအပ်ချက်များကိုဖြေရှင်းနိုင်ဖို့အတွက် Collaborative Work M Tools (CWM Tools) တွေကို အသုံးပြုလာကြပါတယ်။ CWM Tools များရဲ့ အားသာချက်ကတော့ တစ်နေရာတည်း၊ တစ်ချိန်တည်း၊ တစ်ထိုင်တည်းနဲ့ Project အများအပြားကို manage လုပ်လို့ရတဲ့ feature တွေပါဝင်တာပဲဖြစ်ပါတယ်။
Project တစ်ခုတည်းကိုပဲ ဦးစားပေးလုပ်ဆောင်တဲ့ပုံစံမှ ခွဲထွက်လိုက်ပါ
လုပ်ငန်းအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ stakeholders များဟာ ပရောဂျက်များကို စတင်ပြင်ဆင်သည့်အချိန် မှစ၍ ပြီးမြောက်သည့်အချိန်အထိ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အချို့သော Project Management Apps များဟာ Project တစ်ခုကို Dashboard တစ်ခုဖြင့်ပဲ ပြနိုင်ပါတယ်။