Product Support Engineer ဆိုတာဘာလဲ။ Product Support Engineer တစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်သလဲ

Product Support Engineer ဆိုတာဘာလဲ

ယနေ့ခေတ်မှာ စီးပွားရေးလုပ်ငန်း အများစုဟာ Cloud software technology တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတယ်။ ကျွန်တော်တို့ရဲ့ client တွေကလည်း ၎င်းတို့ရဲ့ လုပ်ငန်းတွေအတွက် cloud product တွေကို အသုံးပြုလာကြတယ်။ အသုံးပြုတဲ့အခါ error တက်ခြင်း၊ feature တစ်ခုအကြောင်းကို နားမလည်ခြင်းစတဲ့ အသုံးပြုဖို့ခက်ခဲတဲ့အခြေအနေမျိုးတွေလဲ ဖြစ်လာတတ်ကြပါတယ်။ ထိုအခြေအနေမျိုးမှာ အခက်အခဲတွေကို ရှင်းပြပေးနိုင်ပြီး ပြဿနာတွေကို ဖြေရှင်းပေးနိုင်သူမျိုးကို Cloud Product Support Engineer လို့သတ်မှတ်နိုင်တယ်။
Cloud Product Support Engineer 1
တစ်နည်းအားဖြင့်ပြောရရင် Cloud Product Support Engineer ဆိုသည်မှာ client ဘက်မှ Cloud software product နဲ့ပတ်သက်ပြီး ကြုံတွေ့ရတဲ့ နည်းပညာဆိုင်ရာ အခက်အခဲတွေကို အချိန်နဲ့တစ်ပြေးညီ service ပေးနိုင်သူ၊ ကူညီဖြေရှင်းပေးနိုင်သူတွေ ဖြစ်ကြတယ်။
Cloud Product Support Engineer 2
Cloud Product Support Engineer 2
Cloud Product Support Engineer 2

Cloud Product Support Engineer တစ်ယောက်ရဲ့ အောင်မြင်မှု

Cloud Product Support Engineer တစ်ယောက်ရဲ့အောင်မြင်မှုကတော့ Client တွေရဲ့ Cloud Software နဲ့ပတ်သက်တဲ့ ပြဿနာတွေကို အချိန်နဲ့တစ်ပြေးညီ Client ရဲ့လုပ်ငန်းကို မနှောင့်နှေးစေဘဲ အမှန်ကန်ဆုံးနဲ့ အမြန်ဆုံး ဖြေရှင်းပေးနိုင်ခြင်းပဲဖြစ်တယ်။
Share on facebook
Share on twitter
Share on linkedin
Recent Posts
Categories
Post Views: 64