ယနေ့ခေတ် လုပ်ငန်းတော်တော်များများမှာ မတူညီသောလုပ်ဆောင်ချက်များ (ဥပမာ – Administration , Data Collection, Processing Payments) စသည်တို့အတွက် IT subsystem အမျိုးမျိုးကို အသုံးပြုလေ့ရှိကြပါတယ်။ သို့သော် IT subsystem တွေဟာ သီးခြားစီ အလုပ်လုပ်တဲ့အတွက်ကြောင့် မလိုအပ်ဘဲ အချိန်ကုန်၊ ငွေကုန်ခြင်းများ ဖြစ်လာစေနိုင်ပါတယ်။ ထိုသို့ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသော အဖြေကတော့ Systems Integration(ခေါ်) Companyရဲ့အစိတ်အပိုင်းတွေကို IT စနစ်တစ်ခုတည်းသို့ ချိတ်ဆက်ခြင်းပဲ ဖြစ်တယ်။
Systems Integrator ဆိုသည်မှာ Clients တွေအသုံးပြုတဲ့ Software, Hardware, storage products အမျိုးမျိုးကို All In One Computing System တစ်ခုအဖြစ် တည်ဆောက်ပေးရတဲ့လူ၊ ပေါင်းစပ်ပေးရတဲ့လူလို့ သတ်မှတ်နိုင်ပါတယ်။
Systems Integratorတစ်ယောက်အနေနဲ့ လုပ်ဆောင်ရမယ့်တာ၀န်တွေကတော့
System Integration တည်ဆောက်ရာတွင် ဖြစ်ပေါ်လာနိုင်သော ကုန်ကျငွေများ၊ အန္တရာယ်များ၊ ကွာဟချက်များ ကို တင်ပြခြင်း
Team နဲ့အတူပူးပေါင်းလုပ်ဆောင်ခြင်း
System Integration ဖြင့်တည်ဆောက်ထားတဲ့ All in one Computing System ကို Clients များသဘောပေါက်အောင် Demonstration Videosများ ဖန်တီးပေးခြင်း တို့ပဲဖြစ်တယ်။
အောင်မြင်တဲ့System Integrator တစ်ယောက်ဖြစ်ဖို့
Clientsတွေအတွက် လွယ်ကူစွာအသုံးပြုလို့ရနိုင်တဲ့ All In One Computing System
(System Integration) ကို အောင်အောင်မြင်မြင်တည်ဆောက် ပေးနိုင်ရမှာပဲ ဖြစ်တယ်။