Home
Career
About Us
Blog
Contact Us
Menu
Home
Career
About Us
Blog
Contact Us
လူတွေကိုပိုမိုထိတွေ့စေနိုင်မယ့် Email Engagement လို့ခေါ်တဲ့ Marketing တစ်မျိုးအကြောင်း
June 15, 2022
Article
,
Tech
,
Tips and Tricks
Marketing အပိုင်း မှာအရေးကြီးတဲ့စိန်ခေါ်မှုတစ်ရပ်ဟာ မိမိရဲ့ Customer များကို One to Many Scale နှင့် ဆက်သွယ်ခြင်းဖြစ်ပါတယ်။ ဒီလို ဆက်သွယ်ခြင်းစနစ်ဟာ လူတွေနှင့်ထိတွေ့နိုင်တဲ့ အခွင့်အရေးကို ဆုံးရှုံးထိခိုက်စေနိုင်ပြီး မိမိပေးချင်သည့် Message များကို လူတိုင်းဆီသို့ရောက်အောင် ပေးပို့ရန် အလွန်ခက်ခဲပါတယ်။
မိမိရဲ့ customer များဆီသို့ ဆက်သွယ်ခြင်းကို Humanity နဲ့ Authenticity ရှိနိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းဟာ Customer များကိုယ်တိုင်မှ အခြားသော Customer များဆီသို့ One to Many Scale နဲ့ ပြန်လည်ဝေမျှပြောဆိုခိုင်းခြင်းပဲဖြစ်ပါတယ်။ ဒီလို Communicate လုပ်ခြင်းဟာ သင့်ရဲ့ Organization အတွက် ရည်မှန်းချက်ကြီးမားတဲ့ Goals တွေကို အောင်မြင်စွာကိုင်တွယ်ဖြေရှင်းဖို့အတွက် အကောင်းဆုံးအထောက်အကူပေးနိုင်သော နည်းလမ်းတစ်မျိုးပဲဖြစ်ပါတယ်။
ကောင်းမွန်သောမှတ်ချက်များကို တန်ဖိုးထားပါ
Customers များကို သူတို့သဘောကျနှစ်သက်တဲ့ Business Software နဲ့ပက်သက်ပြီးပြောပြထားတဲ့ မှတ်ချက်ကောင်းကောင်းလေးတွေကို ရေးပေးဖို့တောင်းဆိုရပါမယ်။ ဒီလို ကောင်းမွန်သောမှတ်ချက်တွေရေးခိုင်းခြင်းဟာ Customer များရဲ့ Business Software အပေါ်ထားတဲ့အမြင်နဲ့ သူတို့ရဲ့နေ့စဥ်ဘဝတွေကို အဆင်ပြေအောင် ဒီ Business Software များက ဘယ်လိုကူညီဖြေရှင်းပေးခဲ့သလဲဆိုတဲ့အရာများကို လေ့လာနိုင်ပါလိမ့်မယ်။ ကိုယ့် Company အတွက် အလားအလာရှိနိုင်မဲ့ Customers များစွာဟာ ဒီလို မိမိရဲ့ Business Software နဲ့ပက်သက်ပြီး Customer တွေကိုယ်တိုင် ရေးပေးထားတဲ့ ကောင်းမွန်သောမှတ်ချက် တွေကို Email ကနေတစ်ဆင့် ဖတ်လိုက်ခြင်းအားဖြင့် မိမိရဲ့ Company ဟာ သူတို့အတွက် ကောင်းမွန်တဲ့ Partner ဖြစ်ကြောင်းကို ပိုမိုလက်ခံယုံကြည်လာစေနိုင်မယ့်အောင်မြင်မှုတစ်ခုကို ရရှိလာမှာဖြစ်ပါတယ်။
Light Bulb အခိုက်အတန့်များကို ခုံမင်နှစ်သက်ခြင်း
Customer များအနေနဲ့ သူတို့ရေရှည်ရင်ဆိုင်နေရတဲ့အခက်အခဲကို ဖြေရှင်းပေးနိုင်တဲ့ Solution ကိုတွေ့ရှိသွားတဲ့အခိုက်အတန့်ကို Light Bulb Moment လို့ခေါ်ပါတယ်။ ဒီလို Customer များရဲ့ Light Bulb Moment ကိုသိရှိနိုင်ဖို့ Email ကနေတစ်ဆင့် မေးမြန်းပြီး သူတို့ရဲ့လုပ်ငန်းကို ပိုမိုတိုးတက်စေနိုင်မဲ့အရာတွေကို လမ်းညွှန်ပြသပေးနိုင်မယ့် Email အသစ်များကို ပြန်လည်ပြုစုပြီးတော့ Customer များဆီအရောက်ပေးပို့နိုင်ရပါမယ်။ ဒီလိုလုပ်ခြင်းဟာ မိမိ Customer များရဲ့ Key Product Engagement Metric ကို အတိုင်းအတာတစ်ခုအထိ မြင့်တက်သွားစေနိုင်မှာဖြစ်ပါတယ်။
အလုပ်နှင့်ပက်သက်သည့် ကတိကဝတ်များ
မိမိရဲ့ Software Service ကိုနှစ်ရှည်လများစွာ အသုံးပြုနေတဲ့ Customer များနဲ့ ယခုမှစတင်အသုံးပြုနေတဲ့ Customer အသစ်များအား မိမိရဲ့ Service ကိုအသုံးချပြီး သူတို့ရဲ့လုပ်ငန်းတွေကို အောင်မြင်အောင်လုပ်ပါမယ်ဟူ၍ မှတ်သားထားရန်လိုအပ်ပါတယ်။ ဒီလို မှတ်သားထားသောစာတွေဟာ Customer များစွာရဲ့ Email Inbox ထဲသို့ရောက်ရှိလာပြီး မိမိရဲ့ Platform ကိုသုံးကာ အခြားသော Customer များအနေနဲ့ သူတို့ရဲ့ ပြဿနာများကို ဘယ်လိုဖြေရှင်းပြီး Goals တွေကို အောင်မြင်အောင်လုပ်ဆောင်နေကြသလဲဆိုတဲ့အကြောင်းများကို ဖတ်ရှုခွင့်ရပြီး ကိုယ့်ရဲ့ Platform နဲ့ပက်သက်တဲ့အကြောင်းအရာများကိုလည်း မိတ်ဆက်ခွင့်ရမှာဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောရရင် မိမိရဲ့ Platform နဲ့ပက်သက်ပြီး Customer များမှတစ်ဆင့် ပြန်လည်မျှဝေပေးတဲ့ One to Many Email များဟာ အလားတူပြဿနာများကိုဖြေရှင်းပေးဖို့ မှန်ကန်တဲ့ Solution ကိုရှာဖွေနေတဲ့ သန်းပေါင်းများစွာသော Customer များဆီကို ရောက်ရှိသွားနိုင်မှာဖြစ်ပြီး မိမိရဲ့ Company နဲ့ Customer များကြား အဓိပ္ပါယ်ရှိတဲ့ဆက်ဆံရေးကို တည်ဆောက်သွားနိုင်မှာပဲဖြစ်ပါတယ်။
Ref:
Smartsheet
Share on facebook
Share on twitter
Share on linkedin
Recent Posts
သင့်လုပ်ငန်းအတွင်းတွင် အလိုအလျောက်စနစ်ကိုထည့်သွင်းပြီး တိုးတက်လာစေနိုင်သောနည်းလမ်း(၅)မျိုး
Customer Experience ဟာ Security Leadersတိုင်းအတွက် ဘာကြောင့်အရေးကြီးတာလဲ
ဘာကြောင့် project တွေကို စနစ်တကျ စီမံပြီးလုပ်ဆောင်သင့်လဲ
Productivityကို ဦးတည်တဲ့လမ်းကြောင်းကို ဘယ်လိုပြန်အကောင်အထည်ဖော်မလဲ
လူတွေကိုပိုမိုထိတွေ့စေနိုင်မယ့် Email Engagement လို့ခေါ်တဲ့ Marketing တစ်မျိုးအကြောင်း
ဘာကြောင့် project management က remote IT team အတွက် အရေးပါတာလဲ
IT Operations နှင့် Security ကို ဟန်ချက်ညီအောင်လုပ်ခြင်းက Business တစ်ခုကို ဘာကြောင့်ရလဒ်ကောင်းတွေ ပေးစွမ်းနိုင်သလဲ
အချိန်နှင့်တစ်ပြေးညီ Data များရရှိခြင်း၏အကျိုးကျေးဇူးများ
Covid-19 ကပ်ဘေးကာလနှင့် IT ၏အခန်းကဏ္ဍ
သင့်မှာဆုံးဖြတ်ချက်တွေမြန်မြန်ချနိုင်ဖို့လုံလောက်တဲ့ အချက်အလက်တွေရှိပြီလား
Popular Posts
သင့်လုပ်ငန်းအတွင်းတွင် အလိုအလျောက်စနစ်ကိုထည့်သွင်းပြီး တိုးတက်လာစေနိုင်သောနည်းလမ်း(၅)မျိုး
Customer Experience ဟာ Security Leadersတိုင်းအတွက် ဘာကြောင့်အရေးကြီးတာလဲ
ဘာကြောင့် project တွေကို စနစ်တကျ စီမံပြီးလုပ်ဆောင်သင့်လဲ
Productivityကို ဦးတည်တဲ့လမ်းကြောင်းကို ဘယ်လိုပြန်အကောင်အထည်ဖော်မလဲ
ဘာကြောင့် project management က remote IT team အတွက် အရေးပါတာလဲ
Categories
Article
(18)
Remote Work
(4)
Team Work
(6)
Tech
(10)
Tips and Tricks
(7)