Collaborative Work Management ဆိုတာဘာလဲ။ Collaborative Work Management နှင့်ပတ်သတ်ပြီး သင်ဘာတွေ သိထားဖို့လိုအပ်သလဲ။

Collaborative Work Management(1)

ယနေ့ခေတ်ရုံးတော်တော်များများမှာ Data တွေဟာ Applications အမျိုးမျိုးမှာ ပြန့်ကျဲပီး ရှိနေတတ်ကြပါတယ်။ နောက်ဆက်တွဲရလဒ်အနေနဲ့ အလုပ်ခွင်မှာ လိုအပ်တဲ့ Data တွေကို အလွယ်တကူရှာဖွေမတွေ့ရှိနိုင်သောကြောင့် အလုပ်လုပ်ရာတွေ နှောင့်နှေးခြင်းနှင့် ထုတ်လုပ်မှုကျဆင်းခြင်းတို့ ဖြစ်ပေါ်လာပါတယ်။ ဝန်ထမ်းများဟာ လိုအပ်တဲ့ အချက်အလက်တွေ၊ Files တွေရဖို့အတွက် မတူညီသော Applications များတွင် အချိန်ပေးကာ ရှာဖွေကြရပါတယ်။ Collaborative Work Management ဆိုတာ အဲ့လိုပြဿနာများကိုဖြေရှင်းပေးနိုင်သော Solution တစ်ခုပဲဖြစ်ပါတယ်။ Digital Toolsများကိုအသုံးပြုကာ ဝန်ထမ်းများအား လုပ်ငန်း Dataများ၊ စာရွက်စာတမ်းများ နှင့် Discussions များကို အလွယ်တကူမျှဝေနိုင်ရန် ကူညီပေးပါတယ်။

Team member တွေဟာ တစ်နေရာထဲမှာ အချင်းချင်း ပြောဆိုဆက်သွယ်နိုင်ပြီး လုပ်ငန်းနှင့်ပတ်သက်တဲ့ အရာအားလုံးအတွက် အဓိကနေရာတစ်ခုအဖြစ် တည်ရှိနေခြင်းကို Collaborative Work Management လို့သတ်မှတ်နိုင်ပါတယ်။
Collaborative Work Management(2)
Collaborative Work Management(3)
နိဂုံးချုပ်အနေနဲ့ Collaborative Work Management ဟာ ဝန်ထမ်းများအတွက် Workflows များစိတ်ကြိုက်ဖန်တီးပေးနိုင်ခြင်း၊ အလိုအလျောက်လုပ်ငန်းစဉ်များနှင့်Projects များကိုစိတ်ကြိုက် Manage လုပ်နိုင်ခြင်း၊Team Members များနှင့် ပူးပေါင်းလုပ်ကိုင်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာကို ပေးနိုင်ပါတယ်။
ထို့အပြင် Collaborative Work Management တွင် Cloud-software များကို အသုံးပြုရသောကြောင့် Remote Working System ကိုလည်း များစွာအထောက်အကူဖြစ်စေပါတယ်။ ထို့ကြောင့် Collaborative Work Management ကို ကောင်းမွန်စွာအကောင်အထည်ဖော်ဆောင်ရွက်ပါက မိမိလုပ်ငန်းခွင်အတွင်းရှိ အသင်းအဖွဲ့ အားလုံးနှင့်အတူ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

Ref: Kissflow

Share on facebook
Share on twitter
Share on linkedin
Recent Posts
Categories
Post Views: 98